Rate this book

El Silencio De Los Animales. Sobre El Progreso Y Otros Mitos Modernos (2013)

by John Nicholas Gray(Favorite Author)
3.79 of 5 Votes: 4
languge
English
genre
publisher
Sexto Piso
review 1: လူဆိုတဲ့ တိရစ္ဆာန်မှာ ထူးခြားတဲ့ဝိသေသတစ်ခုခုရှိတယ်ဆိုခဲ့ရင် အဲ့ဒါဟာ၊ အတွေ့အကြုံတွေဆီက သင်ယူဖို့ ဘယ်တုန်းကမှ မတတ်နိုင်ခဲ့တဲ့ကြားထဲကပဲ အသိပညာကို အရှိန်မြင့်မြင့်ဆက်လက်ဖန်တီးနိုင်တဲ့ စွမ်းရည်ပဲဖြစ်လိမ့်မယ်။ သိပ္ပံနဲ့ နည်းပညာဟာ စုဆောင်းရရှိတဲ့အချက်အလက်တွေဖြစ်ပြီး ကျင့်ဝတ်နဲ့ န... moreိုင်ငံရေးကတော့ ပြန်ကျော့နေတဲ့ ဒွိဟတွေပဲ။ ဘယ်လို တံဆိပ်ကပ်ခေါ်ဝေါ်သည်ဖြစ်စေ နှိပ်စက်ညှင်းပမ်းမှုနဲ့ ကျွန်စနစ်တွေဟာ အကြွင်းမဲ့ဒုစရိုက်ပဲ။ ဒါပေမဲ့ ဒီမကောင်းမှုတွေကို အသုံးမလိုတော့တဲ့ သိပ္ပံသီအိုရီတွေလို အတိတ်ထဲ ချောင်ထိုးထားလိုက်လို့မရဘူး။ နာမည်အသစ်နဲ့ ပြန်ပေါ်လာကြတယ်။ နှိပ်စက်ညှင်းပမ်းမှုဟာ "အဆင့်မြင့်စစ်ဆေးမေးမြန်းရေးနည်းစနစ်" ဖြစ်သွားတယ်၊ ကျွန်စနစ်က "လူမှောင်ခိုကူးခြင်း" ဖြစ်သွားတယ်။ တကယ်တော့ မကောင်းမှုကို လျှော့ချနိုင်ခြင်းဟာ လူ့ယဉ်ကျေးမှုအတွက် ရှေ့ရောက်သွားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ရမှာ။ ဒါပေမဲ့ သိပ္ပံပညာမှာလိုမဟုတ်ပဲ လူ့ယဉ်ကျေးမှုရဲ့ ခြေလှမ်းပျက်ယွင်းမှုကို ကွန်ပြူတာထဲမှာပဲ မှတ်သားထားလို့မရဘူး။ အလေ့အကျင့်အဖြစ်နေတဲ့ အပြုအမူတွေဟာ တစ်ခါပျက်စီးပြီးတာနဲ့ ပြင်ဆင်ဖို့ခက်ခဲတယ်။ လူ့ယဉ်ကျေးမှုဟာ လူသားတွေအတွက် ပုံမှန်အခြေပါ၊ ဒီလိုပဲ အရိုင်းအစိုင်းတွေအတွက်လည်း လူ့ယဉ်ကျေးမှုဟာ ပုံမှန်အခြေအနေပဲ။သိပ္ပံပညာနဲ့ သမိုင်းဘာသာက ပြဆိုတာက လူသားတွေဟာ လူ့သမိုင်းတစ်လျှောက်လုံး တစ်စိတ်တစ်ပိုင်းနဲ့ ပြတ်တောင်းပြတ်တောင်းပဲ ကျိုးကြောင်းဆီလျော်စွာ ပြုမူနိုင်ခဲ့တယ်။ ဒါပေမဲ့ ခေတ်သစ်လူသားဝါဒီတွေရဲ့ အဖြေကတော့ရှင်းတယ်၊ "လူသားတွေဟာ အနာဂတ်မှာ ပိုမိုကျိုးကြောင်းဆီလျော်လာလိမ့်မယ်" ဆိုတာပဲ။ ဒီလို ယုတ္တိအပေါ်အကောင်းမြင်လွန်းတဲ့ တက်ကြွသူတွေ သတိမထားမိတာက၊ အနာဂတ် လူသားတွေဟာ ပိုမိုကျိုးကြောင်းဆီလျော်လာလိမ့်မယ်လို့ ယူဆဖို့ ဘာသာရေးတွေမှာလို ခုန်ပျံကျော်လွှားတဲ့ ယုံကြည်မှုတစ်ခု လိုအပ်တယ်ဆိုတဲ့ အချက်ကိုပဲ။ ယေရှုခရစ် ပြန်လည်ရှင်ပြန်လာတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လူသားတွေဟာ သူတို့ အမြဲတမ်းပြုမူနေခဲ့တဲ့ ပုံစံနဲ့ကွဲပြီး အနာဂတ်မှာ ပြုမူကြလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ဟာ ဆန့်ကျင်ဘက်တော့ မဟုတ်ဘူး။*****လူသားရဲ့ လွတ်လပ်မှုမှာ ယုံကြည်သူနဲ့ အတွေးအခေါ်ထက် လုပ်ရပ်အပေါ်မှာပဲ မူတည်ပြီး လူကိုဆုံးဖြတ်လေ့ရှိတဲ့ သံသယ၀ါဒီတို့ စကားပြောကြတယ်။ သံသယ၀ါဒီက 'လူသားဟာ လွတ်လပ်စွာနေထိုင်ဖို့ မွေးဖွားလာတယ်၊ ဒါပေမဲ့ နေရာတိုင်းမှာတော့ သံကြိုးတွေချည်းပဲ' ဆိုတဲ့ ရူးဆိုးရဲ့ ဆိုရိုးကို ကိုးကားပြောတော့ ယုံကြည်သူတောင် အံ့သြသွားမိတယ်။ ဒါပေမဲ့ သံသယ၀ါဒီက ရူးဆိုးရဲ့ အဆိုကို ခနဲ့ပြီး ပြောလိုက်တာပဲ။ "ကျွန်တော့်အမြင်တော့ ဒါဟာ သမိုင်းကို စော်ကားပြီး အချက်အလက်တွေကို မထီမဲ့မြင်ပြုတာပဲ။ သည်းခံပေးလို့ မရနိုင်လောက်တဲ့ စကားပဲ။ ခုတစ်မျိုး တော်ကြာတစ်မျိုးအပြောပဲ။ ပြီးတော့၊ အစဦးအဆိုကို အချက်အလက်အမှန်လို့ ကြိုတင်ယူဆလိုက်တာကတော့ အန္တရာယ်တော်တော်ကြီးတယ်။ အဲဒါက ပြဿနာရဲ့ ဇစ်မြစ်ပဲ။ ထားပါတော့၊ လူတစ်ယောက်က ဟန်ပါပါ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ...ငါးတွေဟာ ပျံသန်းဖို့ မွေးဖွားလာတယ်..ဒါပေမဲ့ နေရာတိုင်းမှာ ကူးခတ်စရာရေတွေပဲ တွေ့ရတယ်... လို့ ပြောပါပြီတဲ့၊ ခင်ဗျား ဘာပြောမလဲ"*****သက်ရှိတစ်ကောင်တလေ ရှိနေကြောင်း ဘယ်သူမှ သတိမပြုမိစေပဲ လုပ်ဆောင်ခဲ့တယ်။ ဒီပိုးမွှားတွေက မျက်မမြင်တွေ၊ ဒါပေမဲ့ သူတို့ကို ဘယ်သူမှမမြင်စေပဲ သူတို့ လုပ်စရာရှိတဲ့ တာဝန်ကို ထမ်းရွက်ရာမှာ ဆရာတစ်ဆူတွေ။ တိတ်ဆိတ်မှုကို အကာကွယ်ယူပြီး သူတို့အလုပ်ကို ပြီးမြောက်စေတယ်။ ညအချိန်မှာ သန်းပေါင်းများစွာသော မေးရိုးတွေရဲ့ တမြေ့မြေ့ ကျိတ်ချေနေသံကို ထက်မြက်လွန်းတဲ့ နားရှိမှပဲ ကြားနိုင်လိမ့်မယ်။ အဆောက်အဦတစ်ခုရဲ့ အရိုးငြမ်းကို အရသာခံ သုံးဆောင်ပြီး ပြိုလဲမှုအတွက် အသင့်ပြင်ပေးလိုက်တယ်။ လေးငါးရက်အကြာ လယ်ခင်းမှာနေပြီး၊ စိုက်ပျိုးရေးသမားက အိမ်ပြန်လာတယ်။ သူ ထားခဲ့တုန်းက ပုံစံအတိုင်းပဲ ဘယ်အရာမှ သိသိသာသာမပြောင်းလဲ။ ကုလားထိုင်တစ်လုံးမှာ သူ ၀င်ထိုင်လိုက်တော့ ထိုင်ခုံကျိုးသွားတယ်။ ဟန်ချက်မပျက်အောင် ကမန်းကတန်း စားပွဲခုံကို လှမ်းအဆွဲ သူ့လက်ထဲမှာတင် အစိတ်စိတ်အမွှာမွှာကွဲတယ်။ အိမ်တိုင်ကို မှီလိုက်တဲ့အချိန်မှာပဲ အလွယ်တကူ ထက်ပိုင်းကျိုးပြီး ခေါင်မိုးလည်း ပြိုကျ ဖုန်တထောင်းထောင်းထ ကျန်ရစ်တယ်။#ခြ******ရာသီများသည် တစ်ချိန်က ရှိခဲ့သည့်ရာသီများ မဟုတ်တော့သို့သော် တစ်ကြိမ်တစ်ခါသာ မြင်တွေ့ခွင့်ရခြင်းက အရာရာတိုင်း၏ သဘာဝမျှလက်ရှိဖြစ်ပျက်နေဆဲ ခဏ...~ဂျွန်အက်ရှ်ဘယ်ရီ
review 2: Absolutely beautiful, but hard to define. An easy to digest, yet brilliantly subtle piece of modern philosophy.Several of his books are about dismantling myths, primarily the myth of civilization's progress. That's an important focus in this book, too, but the beauty of it comes from its attempt to demonstrate the beautiful perspective which exists in those moments when you temporarily escape the myth-instinct and just look at the world without filtering it through language, story, and belief.He attacks humanism, moral progress, and other illusions which he seems to think confuses us and holds us back. His perspective only seems pessimistic if you strongly believe in the things he tries to dismantle. Drawing on ideas from centuries of myth-making and myth-destroying writers and thinkers, he tries to categorize our mythologies so we can look at them more clearly, and then look beyond them to the animal inside each of us. He calls it, "Godless Mysticism."I love John Gray's writing, and this is probably the one I'd be most likely to suggest to someone who hasn't read his stuff before. less
Reviews (see all)
Anaiza
As ever provocative and brilliant.
elovelaughlive
No idea what was going on here.
nowd68
Devastatingly accurate.
Write review
Review will shown on site after approval.
(Review will shown on site after approval)